မန္တလေးကို တနှစ်လောက် လာနေကြည့်ပါ။ တန်ခူးလမှာဆိုရင်တော့ ဂန္တ၀င်တွင်အောင် ချစ်စရာကောင်းတဲ့ မန္တလေးသင်္ကြန် သင်ခံစားရလိမ့်မယ်။ ကဆုန်နွေပူပူ ဆိုရင်တော့ ပျင်းစရာကြီးလို့ မထင်နဲ့ဗျ။ ဗောဓိကုန်းမှာ ဒုတိယသင်္ကြန်ကိုခံစား၊ လမ်းတလျှောက် တိုက်တဲ့ အအေးတွေ အ၀သောက်ပြီး ရွှေကြက်ယက် ညောင်ရေသွန်းပွဲ သွားနွှဲလို့ရတယ်။ သင်္ကြန်ကစ ဆက်တိုက်ကဲခဲလို့ နယုန်မှာ ခဏနား အဲမကြာပါဘူး ၀ါဆိုလပြည့်လည်းကျော်ရော "အိုတောင်ပြုံးခေါ် ပွဲတော်ကြီးနီးလာပြီ"ပေါ့။ ၀ါခေါင်လဆန်းလည်းရောက်ရော အသိနတ်ကတော်တွေဆီဝင် ရိုးရာတင်ပြီး ဧည့်ခံကျွေးမွေးတာတွေစား ကောင်းလိုက်တဲ့ ငါးငရုပ်သီးကြော်ဗျာ။ တောင်ပြုံးမှာ မကဲခဲ့ရလို့လည်း စိတ်မပူနဲ့။ ၀ါခေါင်မှာတောင်မြို့(အမရပူရ) ရတနာ့ဂူပွဲမှာ ငှက်လှေစီးရင်း ဘီယာသောက်လို့ရတယ်။ဦးပိန်တံတား
တခုပဲ.....တခုပဲ....... ဆိုင်ကယ်တွေ စည်းကမ်းမရှိ မောင်းချင်သလိုမောင်းနေလို့ သေဂျင်းဇိုးနဲ့ သေနေကြတာပဲ ရှိတယ် ....သိတယ်မလား .....တို့မန္တလေးကလေ..