ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယားဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တေ ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည “ထမင်းအိုးကြီးမျောလာပြီ” တဲ့။ ထမင်းအိုးကြီးလို့အမည်ပေးရေ ထိုအချိန် သစ်တင်သင်္ဘောပေါ်က ကြီးမားလှသော သစ်တုံးကြီးများ၏ အခေါက်ကလေးများကို အလုအယက်လိုက်ခွာရင်း ထမင်းအိုးဖြစ်အောင် ဖန်တီးကြသူတွေက ဧရာဝတီမြစ်ကူး ရတနာပုံတံတားအနောက်ဘက်ကမ်း စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင ခုတော့ ရတနာပုံတံတားပေါ်လာတော့ ငှက်လှေနဲ့မကူးကြတော့။ ငှက်လှေအလုပ်မဖြစ်တော့ ရရာသစ်ခေါက်ခွာတဲ့အလုပ် ၀င်လုပ်ခဲ့ရသည်ဟု အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောပြသည်။ နောက်တော့ တဖြည်းဖြည်း သစ်ခေါက်ခွာသူ များလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင သစ်တင်သင်္ဘောများ ၀င်လာပြီဆိုရင် မြစ်ဆိပ်မှာရပ်ထားတဲ့ ငှက်လှေတွေပေါ် အပြေးအလွှားတက်ကာ စက်ကိုအသားကုန်မောင်းပြီး သူ့ထက်ငါအပြိုင်အဆိုင် သစ်တင်သင်္ဘောကြီးဆီ ပြေးကြလေပြီ။ တဝေါဝေါစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကျယ်ကြား သစ်တင်သင်္ဘောကြီးဆီသို့ ငှက်လှေလေးတွေ အပြိုင်အဆိုင်မောင်းနှင်သွာ “ကျွန်းသစ်အခေါက်ကျတော့ ဈေးကမရဘူး။ အင်သစ်ခေါက်ကမှဈေးကရတာ။ ကျွန်းသစ်တွေနဲ့တိုးပြီဆိုရ သစ်တင်သင်္ဘောနားရောက်တော့ ငှက်လှေကိုစက်သတ်ရင်း မောင်းနေဆဲသင်္ဘောနား တဖြည်းဖြည်းကပ်ရသည်။ ငှက်လှေကို သင်္ဘောနဲ့ကပ်ချည်ပြီးတော့ ပါလာသမျှလူအားလုံး သင်္ဘောပေါ်တက်ကြသည်။ သစ်လုံးတွေဆီက သစ်ခေါက်တွေကို သံတူးရွင်းတွေကိုယ်စီဖြင့် ခွာကြပြီ။ သစ်ခေါက်ခွာတာကို သင်္ဘောဝန်ထမ်းတွေက ကိုယ်ချင်းစာစိတ်ဖြင့် ဘာမျှမပြော။ ထို့ကြောင့် သူတို့တစ်တွေကလည်း အလိုက်သိစွာဖြင့် သစ်သားကိုယ်ထည်ကိုမထိခိုက်ေ ငှက်လှေတစ်စီးအပြည့်ဖြစ်ဖို သစ်ခေါက်ခွာသူတွေ ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ ကာလတွေကလည်း လာတတ်ပါသေးသည်။ နှစ်ကုန်ပြီဆို သစ်တင်သင်္ဘောတွေ အလာကျဲချေပြီ။ သစ်ခေါက်ခွာသူတွေ အသီးသီးတိုင်ပင်ကြပြီ။ ငွေစုထားတာရှိတဲ့သူကထုတ်၊ ပေါင်နှံစရာရှိသူက အပေါင်ဆိုင်ပြေး၊ သစ်ခေါက်ပွဲစားဆီက ငွေကြိုထုတ်လို့ရသူကထုတ်ကာ ဧရာဝတီမြစ်တစ်လျှောက် ငှက်လှေဖြင့်ဆန်တက်ရင်း သစ်တင်သင်္ဘောရှာပုံတော်ဖွင့် သစ်တင်သင်္ဘောပေါ်တင်မကဘဲ လှေတွေဖြင့်ကပ်ချည်ကာ သယ်ဆောင်လာသည့် သစ်တွဲများတွင်လည်း သစ်ခေါက်ခွာကြပါသေးသည်။ လူကရေထဲကိုဆင်းပြီး ခွာရသည့်အတွက် အောက်ကအေးအေး အပေါ်ကနေပူပူဖြင့် ညဆို ခါးတွေကနာတာလွန်ပါရောဟု ကိုသီဟဇော်ကပြောပြသည်။ သစ်ခေါက်တွေ အပြေးအလွှားခွာကြဖို့အရေး ပြေးရင်းလွှားရင်း သင်္ဘောပေါ်ကရေညှိများကြောင့် ချော်လဲကာ ခိုက်မိတာတွေ၊ သစ်လုံးတစ်လုံးကနေတစ်လုံးကူ ဧရာဝတီမြစ်ထဲ လှိုင်းအရမ်းကြီးနေသည့်အခါ၊ လေကြီးမိုးကြီးကျနေသည့်အခါမ သစ်ခေါက်ခွာသူတို့ကတော့ သူတို့မျက်စိအောက်ကနေ နေ့စဉ်ဖြတ်သန်းနေသည့် သစ်လုံးကြီးတွေ ဘယ်ဆီရောက်သွားသည်ကို သူတို့မသိ။ သိရန်လည်းမလို။ သူတို့က သစ်ခေါက်ကလေးတွေခွာခွင့်ရတာ |
Wednesday, January 29, 2014
သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်
Subscribe to:
Post Comments (Atom)
စိုမှာစိုးသည် မိုးရာသီ
သင်္ကြန်ကာလကတည်းက ဥတုရာသီက အုံ့ တုံ့တုံ့ မှိုင်းတိုင်း တိုင်း။ မိုးတစ်ချက်တစ်ချက်ထရွာ လိုက်၊ လေပြင်းလေးမွှေ့လိုက်နဲ့ မိုးဦးရာသီကို ခရီးဦ...
-
နံနက် ၄ နာရီဝန်းကျင် ဝေလီဝေ လင်းအချိန်။ မန္တလေးမြို့ကြီး၏ အစိတ်အပိုင်းတော်တော်များများ က အိပ်မောကျနေသော်လည်း မန္တလေးဘူတာကြီး...
-
ကျောက်ဆည်ခရိုင် မြစ်သားမြို့ကို ရောက်တဲ့အခါ ဘူတာနဲ့မြို့တွင်းလမ်းဘေးဝဲယာနေရာတချို့မှာ ဆေးအပြာရောင်သုတ်ထားတဲ့ရေချမ်းစင်လေးတွေကို တွေ့ရပ...

No comments:
Post a Comment