ထိုထန်းလျက်တစ်ခဲကစားလျှင်သ
နံနက်လေးနာရီလောက်မို့ အိပ်ကောင်းချိန်ဆိုပြီး ထန်းသမားမယားများ အိပ်ရာထဲဇိမ်ယူကွေးနေလို့မရ
“တအားဝအောင်စားလို့မရဘူး။ ဗိုက်ကားအောင်စားထားရင် ထန်းမတက်နိုင်တော့ဘူး”ဟု ၀ါရင့်ထန်းသမားဦးစန်းမြင့်
လင်တော်မောင် ထမင်းစားနေချိန် နှစ်ခြိုက်စွာအိပ်မောကျနေသည
“ပုခက်ထဲက ကလေးပဲ မခိုင်းတာပဲ။ သုံးလေးနှစ်ကလေးဆိုရင်တော့ နိုင်သလောက် မြူအိုးသွားချခိုင်းရတာပဲ”ဟ
စားသောက်ပြီးပြီဆို ထန်းတက်ကိရိယာအစုံယူကာ ထန်းပင်အောက်သွား၊ ပထမဆုံးတက်မည့်ထန်းပင်ရှေ့ ဖိနပ်ချွတ်ကာ လက်အုပ်ချီ ထန်းတက်လှေကား ရင်းထောင်နှင့် နဖူးထိကာ နှုတ်မှ “လက်ကလွတ် ခြေကမြဲပါစေ၊ ခြေကလွတ် လက်ကမြဲပါစေ”ဟု ရွတ်ဆိုဆုတောင်းရသည်။
ထန်းပင်ပေါ်ကကျလျှင် သေတာနှင့်ကျိုးတာတစ်ခုခုမို
ပြီးနောက် အပင်ခြေရင်းမှ မြူအိုးအလွတ်များကို ခါးတွင်ချိတ်ကာ အပင်ပေါ်တက်၊ အပင်ပေါ်မှာပြည့်နေပြီဖြစ်သည
ထန်းသမားထန်းတက်ချိန် ချက်ပြုတ်ပြီးပြီမို့ ထန်းသမားမယား အားပြီမထင်ပါနှင့်။ ကလေးတွေကောက်ပေးလာသည့် ထန်းရည်မြူအိုးများကို ထန်းလျက်ကျိုဖို့ စပြင်ရပါပြီ။ ခြောက်ဖိုခန့်တွဲထားသည့် ဖိုများကိုမီးထိုးကာ ထန်းလျက်ချက်ဖို့ပြင်ရပါ၏။ ကလေးတွေက ကျောင်းသွားချိန်ရောက်ပြီဆု
ထန်းရည်တွေကိုကျိုချက်ရင်း ကျလာပြီ၊ အစေးကပ်လာပြီဆို ထန်းလျက်အဆင့်သို့ရောက်ရန် နီးစပ်လာပြီဖြစ်သည်။ ယောက်မဖြင့် မရပ်မနားမွှေပေးပြီးနောက် မီးဖိုပေါ်မှချကာ ရေတစ်ဖလားပြေးယူကာ ထန်းလျက်လုံးရသည်။ ထန်းသမားမယားအပြင် ကလေးတွေပါ ထန်းလျက်ဝင်လုံးရ၏။ ထန်းလျက်တွေက အေးသွားလျှင် ခဲသွားတော့မှာမို့ ပူပူလောင်လောင်နှင့်ပင် လက်ကိုရေဆွတ်ကာလုံးရသည်။ နံနက်ခင်း ၁၀ နာရီ ၁၁ ၀န်းကျင် ထန်းသမားများ ခဏနားသည်။ ခဏနားသည်ဆိုပေမယ့် ထန်းသမားများ နားနားနေနေမနေရပါ။ ထန်းတက်သည့်ရင်းထောင် ကြံ့ခိုင်စေရန် ပြုပြင်နေရပါသေးသည်။
ထန်းပြန်တက်ချိန် နေ့လယ်နေ့ခင်းမို့ အပျင်းပြေ ရေဒီယိုလေးချိတ်ကာ ထန်းတက်သူတွေလည်း ရှိသည်။ ကပေါက်တိကပေါက်ချာ ရရာသီချင်းအော်ဆိုနေသူတွေလည
ထန်းပင်အောက်မှာတော့ မြူအိုးကောက်တဲ့ကလေးကကောက် မယားကထန်းလျက်ကြို၊ အိုးဖုတ်သူကဖုတ်၊ ထန်းလျက်လုံး စသဖြင့်လုပ်လာလိုက်တာ ညနေ ၆ နာရီလောက်မှာတော့ ထန်းလျက်ချက်တဲ့လုပ်ငန်းပြီ
ထန်းလျက်ချက်ပြီးသွားပေမယ့်
တစ်နေကုန်ပင်ပန်းထားကြသည်မိ
ကဆုန်၊ နယုန်ကာလဆို လေတွေဝုန်းဒိုင်းကြဲအောင်တိ
“အိုးနဲ့ထန်းရည်ကတော့ ဆုံးတာပေါ့။ မြူအိုးကိုချည်တဲ့ကြိုးကိုေ
နယုန်လထဲတွင် ထန်းတောထဲ ဒေါ်ရင်းကောင်ဟုခေါ်သည့်အကောင
“ဒေါ်ရင်းကောင်တွေအော်ပြီဆို
အခြားတောင်သူလုပ်ငန်းများအတ
ဝါခေါင်လလောက်ဆို ထန်းရည်မထွက်တော့ပြီမို့ ထန်းသမားများ ထန်းလုပ်ငန်းသိမ်းချိန်တန်ေ
ထို့အပြင် ထန်းလျက်ကျိုဖို့ ထင်းတွေကရှားပါးလာပြီး ဈေးတွေကြီးလာသည်။ မြူအိုးဖိုးနှင့် မြူအိုးချည်တဲ့ ကြိုးဈေးတွေကလည်း ကြီးလာပြန်သည်။ ပိုပြီးဆိုးတာက ထန်းလျက်ဈေးတွေကကျလာတော့ ထန်းတောင်သူများ အခြေအနေမဟန်တော့။ မရေရာတော့သည့် ထန်းလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနှင့် ပြည်တွင်း အခြားဒေသများသို့ထွက်ကာ ရရာအလုပ်လုပ်လာရသည်ဟု ထန်းတောင်သူများက ဆိုပါသည်။ ထန်းတက်သူမရှိဘဲ ပစ်ထားရသည့် ထန်းပင်တွေက များလာသည်။
နွားထိုးကြီးမြို့နယ် လက်ပံရွာတစ်ရွာတည်းတွင်ပင် ထန်းတက်သူဦးရေ ထက်ဝက်ခန့်လျော့ကျသွားသည်ဟု
ယခုတော့ လက်ပံရွာက ထန်းတောထဲမှာ ထန်းလျက်ချက်ဖို့ဝေးစွ၊ ထန်းသမားမိသားစုများ နေထိုင်ခဲ့သည့် တဲအိမ်လေးတွေမှာပင် နေသူမရှိ ယိုင်ထိုးကာ ပျက်စီးစပြုနေလေပြီ။ ထန်းလျက်ချက်တဲလေးတွေထဲမှာလ
ခင်မင်ရသော အညာသူအညာသားမိတ်ဆွေများ၏ အညာကအပြန် ယူဆောင်လာမည့် ထန်းလျက်ခဲလေးများကို မက်မက်မောမော မျှော်လင့်ချင်ပါသေးသည်။
No comments:
Post a Comment