ရာသီက မလှုပ်တုပ်လှုပ် တုပ်နဲ့ ပျင်းရိလေးတွဲဖွယ်ကောင်း ပေမယ့် ပျင်းလို့လေးလို့မရတဲ့ မြစ်ဆိပ်က ဇာတ်ကောင်တွေက တော့ ရာသီမရွေး လှုပ်ရှားလို့ ကောင်းဆဲပါ။ ဆောင်းမှာလည်း ဆောင်းစာမို့၊ နွေမှာလည်း နွေစာ မို့ ရှာလိုက်ဖွေလိုက်ရတာ တစ်ရာ သီပြီးတစ်ရာသီ ဘယ်လိုပြီးလို့ ဘယ်လိုကုန်သွားတယ်ဆိုတာ တောင် သတိမထားမိ။ ဟော အခုရောက်လာပါပြီ မိုးရာသီ။ မိုး စာရှာဖို့ အချိန်က ရောက်လာပြန် ပြီ။
မိုးတွင်းစာရှာကြတဲ့မန္တလေး ဧရာဝတီမြစ်ဆိပ်ကမ်း ကျွဲစွန်းနဲ့ ရေဘောင်တန်းရပ်ကွက်ဘက် တွေမှာ မကြာခင်ရောက်လာ တော့မယ့် မိုးရာသီအတွက် အိမ် အမိုးအဖြစ်အသုံးပြုကြတဲ့ ၀ါး ကပ်မိုးတွေ ရက်လုပ်ရတဲ့သူ လည်း ပါဝင်ပါတယ်။ သွပ်မိုး မသုံးနိုင်သေးတဲ့ လူတန်းစားတွေ၊ သွပ်မိုးကိုမကြိုက်လို့ အေးမြတဲ့ ၀ါးကပ်မိုးလေးတွေကိုမှ သုံးစွဲချင် တဲ့သူတွေရှိနေတာမို့ ၀ါးကပ်မိုး ရက်တဲ့ သူတွေလည်း မြစ်ဆိပ်ရဲ့ ဇာတ်ဝင်ခန်းတွေမှာ ပါဝင်ကြရ တယ်။ မိုးရာသီကာလရောက် လာတော့မှာမို့ ဒီတစ်မိုးအတွက် လိုအပ်တဲ့ ၀ါးကပ်မိုးတွေ အခုလို အချိန်အခါမှာ အတော်လေး ရောင်းရပါတယ်။ ဒါကြောင့် ၀ါး ကပ်မိုးလုပ်ရတဲ့ သူတွေလည်း ဒီ လိုအချိန်အခါ အလုပ်တွေ ဇယ် စက်သလို လုပ်ကြရတယ်။
မြစ်ဆိပ်မှာ ၀ါးကပ်မိုးလုပ် ရတဲ့သူတွေက လက်ခစားအလုပ် သမားတွေပါ။ ဆယ်ချပ်ပါ ၀ါး ကပ်မိုးတစ်စည်းကို ငွေကျပ် ၁,၂၀၀ ရပါတယ်။ ၀ါးကပ်မိုးရက် ဖို့ လိုအပ်တဲ့ ၀ါးကပ်တိုင်နဲ့ ၀ါး အဆစ်ပိုင်းလေးတွေကိုတော့ ဖြတ်ပေးသူရှိပါတယ်။ ၀ါးကပ် ရက်မယ့်သူတွေက ၀ါးကပ်တိုင် နဲ့အတူရက်မယ့် ၀ါးကပ်လေးတွေ ရဖို့ ၀ါးဆစ်ပိုင်းလေးတွေကနေ ဓားမနဲ့ နွှာယူရတယ်။ အဲသလို လုပ်ရင်း ငြော့င်ထိုးတာတွေ၊ ၀ါး ရှတာတွေ ဖြစ်တတ်တယ်။ ဒါပေ မဲ့ ဘာဆေးမှလည်း မလိမ်းဖြစ်ပါ ဘူး။ ဒီအတိုင်းပျောက်သွားတာ ပါပဲ။ အမျိုးသမီးတွေရော အမျိုး သားတချို့ပါ ၀ါးကပ်ရက်တယ်။ မနက် ၇ နာရီ၊ ၈ နာရီကနေ ည နေမမှောင်ခင် ၅ နာရီ၊ ၆ နာရီ လောက်အထိ လုပ်ရတယ်။ တစ် နေကုန် တစ်ယောက် ၀ါးကပ်သုံး ဆယ်လောက်တော့ပြီးတယ်။ အဲ သလို မြစ်ဆိပ်မှာ ၀ါးကပ်မိုးလုပ် တဲ့သူတွေထဲ မမိုးခိုင်တို့ သားအမိ သုံးယောက်လည်း အပါအ၀င်ပါ။ မမိုးခိုင်တို့က သားအမိသုံး ယောက်ဆိုတော့ သမီးတစ် ယောက်က ၀ါးကပ်နွှာတယ်။ မ မိုးခိုင်နဲ့နောက်သမီးတစ်ယောက် က ၀ါးကပ်ရက်တယ်။ နေကုန် လို့အလုပ်သိမ်းရင် ၀ါးကပ်ချပ်ရေ ခုနစ်ဆယ်၊ ရှစ်ဆယ်တော့ပြီး တယ်။ သားအမိသုံးယောက် ပေါင်း ငွေတစ်သောင်းလောက် ၀င်တယ်ဆိုတော့ ချွေချွေတာတာ စားရင် မဆိုးဘူးပေါ့။ မမိုးခိုင်တို့ က ထရံလည်း ရက်ရပါတယ်။ ဒါ ပေမဲ့ မိုးအမီ အိမ်မိုးသူတွေ ကြောင့် ခုလိုခါတော့ ၀ါးကပ်မိုး ပဲ ရက်ကြရတယ်။
မမိုးခိုင်တို့လို ၀ါးကပ်ရက် တဲ့သူတွေကို လုပ်ငန်းရှင်က နေ စရာပေးထားတာကြောင့် တခြား သူတွေလို မြစ်ဆိပ်မှာ ကျူးပြီးနေ စရာတော့မလိုပါဘူး။ဒါပေမဲ့တစ် ခုတော့ရှိတယ်။ မိုးအတွက်ကြို ရက်ရတဲ့ ၀ါးကပ်က မိုးရွာရင် တော့ လုပ်လို့ကိုင်လို့ မရတော့ ပါဘူး။ လုပ်ရတဲ့နေရာက မိုးမလုံ တာရယ်၊ မိုးစိုရင် ၀ါးကပ်ရက်လို့ မရတာရယ်ကြောင့် မိုးရွာရင် အ လုပ်က နားရတယ်။ ဟိုးအရင်လ တွေက ၀ါးကပ်လုပ်ရင်း ပိုလို့ လျှံ လို့ မန်းမြို့ဈေးမှာ သွားလုပ်ထား တဲ့ ရွှေတိုရွှေစလေးတွေက ခုလို မိုးရာသီရောက်လို့၊ မိုးရွာလို့ အ လုပ်နားရတဲ့ ရက်တွေရောက်ရင် မမိုးခိုင်တို့ဆီ မကပ်နိုင်တော့ပါ ဘူး။ မမိုးခိုင်တို့ တစ်မိသားစု ၀မ်း ဗိုက်တော်ဖြည့်တင်းဖို့အရေး မိုး ရေတွေလို တဝေါဝေါနဲ့ အပေါင် ဆိုင်ဆီ စီးဆင်းသွားရတယ်။ ပေါင်လို့မှ မလောက်ငရင်တော့ ရောင်းသင့်တန်ရောင်းပစ်လိုက်ရ တာပေါ့။ ဒါကြောင့် မမိုးခိုင်က ‘‘မိုးကြီးအုံ့နေရင် အလုပ်မလုပ်ရ တော့ သုံးစရာမရှိမှာ စိတ်ပူတော့ တာပဲ’’ လို့ဆိုတယ်။
မမိုးခိုင်တို့လိုပဲ ၀ါးကပ်မိုးအ လုပ်လုပ်ရင်း မိုးရွာမှာ ကြောက် နေရသူနောက်တစ်ဦးလည်း ရှိနေ ပါသေးတယ်။ သူကတော့ ရုပ်ရှင် မင်းသမီးနာမည်နဲ့ မတင့်တင့် ထွန်းရယ်ပါ။ မတင့်တင့်ထွန်းက လည်း မမိုးခိုင်တို့လို နေ့စားနဲ့ ၀ါး ကပ်ရက်တဲ့ အလုပ်လုပ်ရသူပါ။ ဒါပေမဲ့ မမိုးခိုင်တို့လို လုပ်ငန်းရှင် ဆီကနေ နေစရာမရပါဘူး။ မြစ်ကမ်းနားလမ်းမှာပဲ ကျူးတဲ လေးနဲ့နေကာ လင်သားဖြစ်သူက ကြုံရာကျပန်းလုပ်၊ မယားဖြစ်သူ မတင့်တင့်ထွန်းက ၀ါးကပ်ရက် တဲ့ အလုပ်လုပ်ရတယ်။
နေ့စဉ် နေ့စဉ် တစ်ပါးသူ တွေ နေအိမ်အမိုး မိုးဖို့ ၀ါးကပ် အမိုးရေအချပ်ပေါင်းများစွာ မ တင့်တင့်ထွန်းတို့ ရက်လုပ်နေရ ပေမယ့် မတင့်တင့်ထွန်းတို့ တဲ အိမ်ကလေးကတော့ ၀ါးကပ်အ မိုး မိုးနိုင်ဖို့ဝေးစွ၊ အရောင်လွင့် လွင့်ရိတိတိ မိုးကာသားစတွေနဲ့ မိုးထားရတာပါ။ မိုးရွာပြီဆို မ တင့်တင့်ထွန်းတို့ တဲအိမ်ကလေး ထဲမှာ နေစရာ မရှိတော့ပါဘူး။မိုး လုံတဲ့နေရာလေးမှာ ပစ္စည်းတွေ စုပုံပြီး ထားကြရတယ်။ အိမ်လေး ထဲ တပေါက်ပေါက် ယိုစီးကျ လာတဲ့ မိုးရေတွေကို အိမ်မှာရှိတဲ့ ဖလားလေးတွေ၊ ပုံးလေးတွေနဲ့ ခံထားရတယ်။ ဖလားထဲ တ ပေါက်ပေါက်ကျနေတဲ့ မိုးရေကျ သံတပေါက်ပေါက်က တဲအိမ် လေးအတွင်းမှာ ကြီးစိုးထား တယ်။ လေပါလာရင်တော့ ပိုဆိုး တာပေါ့။ တဲတိုင်စိုက်ထားတဲ့ အောက်ကမြေသားက ခပ်ပွပွ ဆိုတော့ လဲပြိုသွားမှာ ကြောက် ရတာပါ။
ဒါကြောင့် မိုးရာသီရောက် လာတော့မယ်ဆို အပူဒဏ်လျော့ လို့ နေရထိုင်ရတာ အဆင်ပြေပေ မယ့်အဲဒီဒုက္ခတွေကြောင့် မတင့် တင့်ထွန်းတို့ မိုးရောက်မှာ စိုး ကြောက်ရတယ်။ ၀ါးကပ်အမိုး မိုးမယ်ဆိုရင်လည်း အနည်းဆုံး နှစ်သောင်းခွဲသုံးသောင်းလောက် ကကုန်ဦးမယ်။ မိုးကာသား ဆိုရင် လည်း အဲသလောက်မကုန် တောင် ဈေးကကြီးသေးတယ်။ ဒါ နဲ့ ဈေးထဲမှာရောင်းတဲ့ ငွေထောင် ဂဏန်းလောက်နဲ့ရတဲ့ သုံးပြီးသား ကြော်ငြာဗီနိုင်းတွေကိုသာ ပြေး ၀ယ်မိုးရတယ်။ ဗီနိုင်းပေါ်က ကြော်ငြာမင်းသားနဲ့မင်းသမီးက တော့ ကျူးတဲအိမ်ကလေးခေါင် မိုးပေါ်မှာ ပြုံးလို့ရယ်လို့ပေါ့။ ‘‘ကိုယ်က ၀ါးကပ်မိုးလုပ်တယ်။ ကိုယ့်အိမ်ကျတော့ မိုးမလုံဘူးဆို တော့တစ်မျိုးကြီးဖြစ်တာပေါ့’’ လို့ မတင့်တင့်ထွန်းက ပြုံးရယ်ရင်း ပြောတော့ ကျူးတန်းထဲကလူတွေ ၀ိုင်းရယ်ကြတယ်။
မကြာခင်တော့ စွတ်စိုအေး မြတဲ့ မိုးရာသီနေ့ရက်တွေ ရောက် လာတော့မှာပါ။ နွေလယ်အပူ ဒဏ်ကြား မိုးစက်တွေရောက်လာ တာ ခရီးဦးကြိုပြုမှာပါ။ မိုးစက် တွေကသာ နွေအပူတွေလျော့ပါး စေတာ အမှန်ပါ။ ဒါပေမဲ့ မမိုးခိုင် တို့၊ မတင့်တင့်ထွန်းတို့ကတော့ မိုးကလေးညို့လာရင်ကို ရင်ထဲ စိုးတထိတ်ထိတ်ရယ်ပါ။ ငါ့ဝမ်း ပူဆာတော့လည်း နွေအပူကို ကျောပေး ချွေးတဒီးဒီးကျလုပ် ကိုင်နေရတာကိုက ဘ၀ဖြစ်လာခဲ့ ပြီလေ။
No.1426 Friday, April 28, 2017 7DAY DAILY